![Albion Online သမိုင်းကြောင်း cover image](https://res.cloudinary.com/pyaesoneaung/image/upload/v1687183458/openalbion/blog/history.png)
Albion Online သမိုင်းကြောင်း
Pyae Sone Aung • June 18, 2023
historyလွန်ခဲ့သော နှစ်ပေါင်း ၁၈၀၀
အဲ့အချိန်က Albion ကို ကြောက်မက်ဖွယ်ကောင်းတဲ့ နဂါးကြီးတွေက အုပ်ချုပ်ထားတယ်။ ရက်စက်ကြမ်းကြုတ်တဲ့ နဂါးကြီးတွေရဲ့ လက်အောက်မှာ ကမ္ဘာဦးလူသားတွေက မှော်ပညာနဲ့ အသားကျလာပြီး Druid များ ဖြစ်လာကြတယ်။ သူတို့တွေက Albion ရဲ့ giant တွေနဲ့ သဘောတူညီမှုယူပြီး လူသားမျိုးနွယ်စု အမျိုးမျိုးကို ဖွင့်ဖြိုးတိုးတက်စေတယ်။ Giant တွေ နဲ့ Druid တွေ လက်တွဲပြီး နဂါးတွေကို အိပ်ပျော်စေမယ့် မှော်ပညာကို အတူတကွ လုပ်ဆောင်ခဲ့တယ်။ ပျက်စီးနေတဲ့ ကမ္ဘာကြီးဟာ ပြန်လည်ကောင်းမွန်လာပြီး giant တွေ နဲ့ လူသားတွေ အတူတကွ အိပ်ပျော်နေတဲ့ နဂါးကြီးတွေကို စောင့်ကြပ်ကြပြီး Albion's Keeper များဖြစ်လာကြတယ်။
လွန်ခဲ့သော နှစ်ပေါင်း ၁၆၀၀
Druid တစ်ယောက်ဟာ တစ်ခြားသူတွေတက်ပိုပြီး တန်ခိုးကြီးထွားလာတယ်။ တစ်ချို့က သူဟာ နဂါးတွေရဲ့ အိမ်မက်တွေကို ခိုးနားထောင်ပြီး လျှို့ဝှက်တဲ့ အသိပညာတွေ ရရှိတယ်လို့ ဆိုတယ်။ တစ်ချို့ကတော့ သူဟာ ကမ္ဘာကြီးရဲ့ အနက်ရှိုင်းဆုံးမှာနေထိုင်တဲ့ သတ္တဝါတွေနဲ့ စကားပြောခဲ့တယ်လို့ ဆိုတယ်။ သူ့နာမည်ကတော့ Merlyn ဖြစ်ပါတယ်။ သူ့ရဲ့ ရည်မှန်းချက်ကတော့ လူသားမျိုးနွယ်စုအားလုံးကို ပေါင်းစည်းချင်တာပါ။ ဘာလိို့လည်းဆိုတော့ တစ်နေ့ရောက်ရင် နဂါးတွေ ပြန်လည်နိုးထမှာဖြစ်ပြီး အဲ့နေ့မှာ ကမ္ဘာကြီးက ရင်ဆိုင်ဖို့ အဆင်သင့် ဖြစ်နေဖို့ပါ။ Albion ဟာ နဂါးတွေရဲ့ အုပ်ချုပ်မှုအောက်ကို ဘယ်တော့မှ ပြန်မရောက်စေဖို့ပါ။
လွန်ခဲ့သော နှစ်ပေါင်း ၁၅၀၀
Druid တွေက Merlyn ကို သဘောမတူပေမယ့် သူကို အတိုက်ခံတော့ မလုပ်ကြဘူး။ အဲ့တာနဲ့ Merlyn ဟာ မျိုးနွယ်စုအားလုံးကို ခေါင်းဆောင်တစ်ဦးထဲ လက်အောက်မှာ စုစည်းနိုင်ခဲ့တယ်။ Merlyn က Morgana ဆိုတဲ့ စုန်းမ ဆီမှာ Excalibur လို့ခေါ်တဲ့ လက်နက်ကို ဖန်တီးဖို့ အကူညီတောင်းခဲ့တယ်။ အဲ့လက်နက်က စွမ်းအားအရမ်း ကြီးပြီး အဲ့လက်နက် ကိုင်တဲ့သူကို Albion ရဲ့ ဘုရင် ဖြစ်စေတယ်။ ဒီအရာက Albion ရဲ့ ပထမဆုံးအကြိမ် သတ္တု ကိုတူးဖော်ပြီး ပုံသွင်းထုလုပ်တဲ့ အတတ်ပညာ ဖြစ်လာတယ်။ Excalibur ဟာလည်း Albion ရဲ့ သံမဏိ နဲ့ မှော်ပညာတို့ ကနေပေါင်းစပ်ထားတဲ့ ပထမဆုံး ဓား ဖြစ်လာတယ်။ ဒီ ဓား ပြုလုပ်တဲ့ လျှို့ဝှက်ချက်တွေကို နတ်ဆိုးတွေက Morgana ဆီကို တိတ်တဆိတ် ပြောပြခဲ့တာကိုတော့ Merlyn တစ်ယောက် မသိခဲ့ပါဘူး။
လွန်ခဲ့သော နှစ်ပေါင်း ၁၃၀၀
Dauthir လို့ခေါ်တဲ့ အနီရောင် နဂါးကြီးတစ်ကောင်ဟာ အ်ိပ်ငိုက်နေရာကနေ နိုးထလာပြီး အနီးနားမှာရှိတဲ့ နဂါးတွေကို သူနဲ့အတူ တိုက်ပွဲဝင်ဖို့ ဟိန်းဟောက်လိုက်တယ်။ Morgana နဲ့ Merlyn တို့ရဲ့ အကူညီနဲ့ ဘုရင်ကြီး Uther ဟာ တိုက်ပွဲဝင်ဖို့ သူရဲကောင်းတွေကို ဦးဆောင်ခဲ့တယ်။ ကြီးမားတဲ့ တိုက်ပွဲကြီးတစ်ခု ဖြစ်ပေါ်လာပြီး ကောင်းကင်ကြီးတစ်ခုလုံး ၃ ရက်တိုင်တိုင် အနက်ရောင်အဖြစ် ပြောင်းလဲသွားတယ်။ နောက်ဆုံးမှာတော့ Albion မှာ နေရောင်ခြည် တစ်ခုထွက်ပေါ်လာခဲ့တယ်။ အနီရောင် နဂါးကြီး Dauthir နဲ့ သူ့အပေါင်းပါ နဂါးတွေ အသတ်ခံရပြီး ကျန်ရှိနေတဲ့ နဂါးတွေကတော့ မနိုးဘဲ ဆက်ပြီး အိပ်ပျော်နေကြတယ်။ Albion ဟာ အရင်လို ပြန်လည်ငြိမ်းချမ်းသွားပေမယ့် ဘုရင်ကြီး Uther ရဲ့ အသက်ကိုတော့ စတေးလိုက်ရတယ်။ အကျိုးဆက်အနေနဲ့ တရားဝင်အသိမှတ်မပြုထားတဲ့ အမွေဆက်ခံသူတွေသာ ကျန်ခဲ့ကြတယ်။
အသိမှတ်ပြုထားတဲ့ ဆက်ခံသူမရှိတဲ့ အတွက် Merlyn ဟာ တရားမဝင်တဲ့သားမြေးတွေ နေထိုင်နိုင်မယ့် နယ်မြေ ကိုရှာဖွေနေတယ်။ တစ်ချိန်ထဲမှာပဲ Morgana က သူ့ရဲ့သားကို ဆက်ခံသူအဖြစ် အကြံပေးတယ်။ သင့်တော်တဲ့ ဆက်ခံသူအတွက် နောက်ဆုံးအချိန်အထိ သူတို့ သဘောထားကွဲလွဲနေကြတယ်။ Merlyn က Excalibur ကို ခိုးယူသွားပြီး Arthur လို့ခေါ်တဲ့ သူ့စိတ်တိုင်းကျ ဆက်ခံသူကို ပေးလိုက်တယ်။ Arthur ကိုလည်း Albion ရဲ့ အုပ်ချုပ်သူလို့ ကြေညာ လိုက်တယ်။ အဲ့လို သစ္စာဖောက်သွားတာကို Morgana နဲ့ သူ့နောက်လိုက်တွေက ဒေါသအရမ်းထွက်သွားပြီး အတိုက်ခံတွေအဖြစ် ပုန်ကန်ထကြွလာတယ်။ Albion ရဲ့ လူသားတွေအတွက် ပထမဆုံး သွေးချောင်းစီးတဲ့ ပြည်တွင်းစစ် ဖြစ်လာခဲ့တယ်။
လွန်ခဲ့သော နှစ်ပေါင်း ၁၂၈၀
စစ်ပွဲဟာ အညီအမျှလက်ရည်တူတယ်လို့ ခံစားရတဲ့ အတွက် Merlyn ဟာ Keeper of Albion တွေဆီကို သွားပြီး စစ်ပွဲကြောင့် နယ်မြေတစ်ခုလုံး ပျက်စီးမယ်ဆို ရှင်းပြခဲ့တယ်။ Merlyn က သူ့ရဲ့လုပ်ရပ်တွေကိုဖုံးကွယ်ပြီး Morgana ဟာ နဂါးတွေနောက်ပိုင်း Albion ရဲ့ အကြီးမားဆုံး ခြိန်းခြောက်မှု တစ်ခုကြောင်းရှင်းပြပြီး တိုက်ပွဲဝင်ဖို့ စည်းရုံးခဲ့တယ်။
Morgana နဲ့ သူမရဲ့ တပ်ဖွဲ့တွေဟာ ဆုပ်ခွာခဲ့ရတယ်။ Morgana ဟာ အရှုံးကိုလက်မခံနိုင်ဘဲ အမှောင်မှော်ပညာ ကို သုံးပြီး အကူညီတောင်းခဲ့တယ်။ အကူညီအတွက် နတ်ဆိုးတွေကို Albion ထဲ ဝင်ရောက်ခွင့်ပေးမယ်လို့ သဘောတူခဲ့တယ်။ Morgana ဟာ ငရဲတံခါးပေါက်ကို ဖွင့်လိုက်တယ်။ ပြီးတော့ သူမရဲ့ နတ်ဆိုး မဟာမိတ်အသစ်များနဲ့အတူ စစ်ပွဲကို ပြန်စခဲ့တယ်။
လွန်ခဲ့သော နှစ်ပေါင်း ၁၂၆၀
နှစ်ပေါင်းများစွာဖြစ်နေတဲ့ စစ်ပွဲအတွင်းမှာ Merlyn ဟာ ဘယ်ဘက်ကမှ လွယ်လွယ်ကူကူ အနိုင်မရနိုင်ဘဲ နတ်ဆိုးတွေ နေထိုင်တာကြာလာတာနဲ့အမျှ Albion ကြီး ပျက်စီသွားမယ်ဆိုတာ သဘောပေါက်လာတယ်။ ဘုရင်ကြီး Arthur ဟာ သူရဲကောင်းတွေနဲ့အတူ နောက်ဆုံးတိုက်ပွဲအတွက် ချီတက်နေတဲ့အချိန်မှာ Merlyn က ငြိမ်းချမ်းရေးပြန်လည်ရရှိဖို့အတွက် စွမ်းအားအရမ်းကြီးတဲ့ အစီရင် တစ်ခုလုပ်ဖို့ သူရဲ့လက်အောက်ငယ်သားတွေကို စည်းရုံးခဲ့တယ်။ အဲ့ အစီရင် ကြောင့် သူတို့အားလုံးသေမယ်ဆိုတာတော့ မပြောပြခဲ့ဘူး။
စစ်ပွဲရဲ့ အပြင်းထန်ဆုံးအချိန်မှာတော့ အစီရင် ကိုစတင်ခဲ့တယ်။ Merlyn က Excalibur ကို ကိုင်ပြီး အပိုင်းပိုင်းဖြစ်အောင် ခွဲလိုက်တယ်။ Excalibur ကို ခွဲလိုက်တဲ့ အတွက် ပေါက်ကွဲမှုကြီးဖြစ်ပေါ်လာပြီး နှစ်ဖက်လုံးရဲ့ သူရဲကောင်းအများစု သေဆုံးသွားတယ်။ နတ်ဆိုးတွေကိုလည်း Albion ကနေထွက်သွားစေတယ်။ သူတို့တွေက အော်ငိုနေတဲ့ Morgana ကိုပါ တစ်ခါတည်းဆွဲခေါ်သွားတယ်။
Merlyn ကိုယ်တိုင်လည်း ပျောက်ကွယ်သွားခဲ့တယ်။ ရှေးအကျဆုံး giant တွေပြန်လည်ရောက်ရှိလာပြီး Albion တစ်ခုလုံး တခြားကျန်ရှိနေတဲ့ ကမ္ဘာကြီးနဲ့ အဆက်သွယ်မရနိုင်အောင် မြူ တွေဖုံးလွှမ်းသွားတယ်။
လွန်ခဲ့သော နှစ်ပေါင်း ၂၀
ရာစုနှစ်များစွာကြာပြီးနောက် Albion မှာ ဖုံးလွှမ်းနေတဲ့ မြူ တွေ ပျောက်ကွယ်စပြုလာတယ်။ စူးစမ်းလေ့လာရေးအဖွဲ့တွေကလည်း Albion ကိုတွေရှိခဲ့တယ်။ သူတို့တွေရဲ့ရှာဖွေတွေ့ရှိမှုကို ဘုရင်ထံ ပင်လယ်ကိုဖြတ်ပြီး တင်ပြခဲ့တယ်။ ဘုရင်က ရာဇဝတ်သားတွေနဲ့ စစ်သုံပန်းတွေကို စုစည်းပြီး Albion မှာ အခြေချနေထိုင်ဖို့ စတင် စေလွှတ်ခဲ့တယ်။
Albion ဟာ စတင်အခြေခြနေထိုင်သူတွေအတွက် ရက်စက်ရာကြတယ်။ မြေခွေးတွေ၊ ဝံပုလွေတွေ၊ ဗိုက်ဆာနေတဲ့ giant တွေကြောင့် အများပြားသေကြတယ်။ အသက်ရှင်ကျန်ခဲ့သူတွေလည်း အချင်းချင်းရန်ဖြစ်ပြီး သေကြတယ်။ တစ်ချို့ကတော့ Morgana ရဲ့နောက်လိုက်တွေ စုဆောင်းခြင်း ခံရတယ်။ ကျန်တဲ့သူတွေ စုစည်းပြီး တခြားအဖွဲ့တွေရဲ့ မှော်ပညာ နဲ့ လက်မှုပညာတွေကို အတုယူပြုလုပ်ကြတယ်။ အရည်သွေးမပြည့်မှီတဲ့ မှော်ပညာကြောင့် သူတို့တွေ တဖြည်းဖြည်းရူးသွပ်လာကြတယ်။ ညတစ်ညမှတော့ ကိုလိုနီခေါင်းဆောင်တစ်ယောက် အသံတစ်သံကြားလို့ တစ်ယောက်ထဲလမ်းလျှောက်ပြီးထွက်ကြည့်နေတုန်း ရူးနေတဲ့သူတစ်ယောက်ကိုတွေ့တယ်။ အဲ့လူက သူ့ကိုသူ Heretic လို့ ပြောတယ်။ မကြာမီမှာ ကိုလိုနီ အားလုံးနဲ့ အဆက်သွယ်ပျက်သွားတယ်။
မကြာသေးမီ အချိန်များ
ဘုရင်က Albion မှာ ခြေကုပ်ယူဖို့ လူများစွာပါဝင်တဲ့ တော်ဝင်စူးစမ်းရေးတပ်ဖွဲ့ ကို စေလွှတ်တယ်။ သူတို့တွေက အရွယ်စားအသင့်သင့်ရှိတဲ့ တိုက်ကြီးတစ်ခုမှာ အခြေချနေထိုင်တယ်။ အဲ့နေရာက အမှန်တကယ်လုံခြုံတာမျိုးတော့ မဟုတ်ပေမယ့် တော်ဝင်တပ်ဖွဲ့တွေက ကင်းလှည့်ပြီး တရားဥပဒေ စိုးမိုးဖို့ တက်နိုင်သမျှ အကောင်းဆုံးဆောင်ရွက်နေကြတယ်။ ကိုလိုနီတွေဟာ အရပ်သားတွေပါနေထိုင်ဖို့ လုံလောက်ပြီလို့ ယူဆလာကြတယ်။ ဘုရင်ကလည်း အရပ်သားတွေ Albion ကိုသွားပြီး ချမ်းသာကြွယ်ဝမှုကို ရှာဖွေနိုင်ဖို့အတွက် ဥပဒေတစ်ခုမှာ လက်မှတ်ထိုးပါဝင်ထားပါတယ်။