![The Old World cover image](https://res.cloudinary.com/pyaesoneaung/image/upload/v1687396412/openalbion/blog/the-old-world.png)
The Old World
Pyae Sone Aung • June 22, 2023
historyThe Old World က ကြီးမားပြီး စူးစမ်းစရာ နေရာတွေနဲ့ ပြည့်နေတယ်။ တစ်ချိန်တုန်းကတော့ သူ့ရဲ့ကျွန်းတွေ အကုန်လုံးက တိုက်ကြီးတစ်ခုလို ချိတ်ဆက်နေတယ်။ ဒါပေမဲ့ ရှေးဟောင်းကပ်ဆိုးတွေကြောင့် အကုန်သီးခြားဆီ ဖြစ်သွားတယ်။ အပေါ်စီးကနေကြည့်မယ်ဆိုရင် the Old World က ကြယ်တံခွန် ☄️ လိုမျိုးပုံစံနဲ့တူတယ်။ စက်ဝိုင်းပုံစံ ကုန်းမြေတွေနဲ့၊ အမြှီးလိုထွက်နေတဲ့ ကျွန်းဆွယ်တွေ ရှိတယ်တယ်။ The Old World က အပူ အအေး မျှတပေမယ့် ခြောက်သွေ့တဲ့ ရာသီဥတုရှိတယ်။ အမြဲလိုလို မိုးခေါင်နေပြီး အစားရေစာရှားပါးတာကြောင့် ရာနဲ့ချီတဲ့ စစ်ခေါင်းဆောင်တွေ ပဋိပက္ခ ဖြစ်ကြတယ်။
အကျိုးဆက်အနေနဲ့ the Old World က ဘဝတွေဟာ ခက်ခဲကြမ်းတမ်းပြီး လူတွေကလည်း သူတို့ကိုယ်တိုင်တိုးတက်အောင် လုပ်နိုင်ဖို့ အခွင့်ရေးနည်းနည်းပဲရှိတယ်။ ချမ်းသာတဲ့သူတွေကလည်း သူတို့ရဲ့ ကြွယ်ဝမှုကို ထိန်းသိမ်းဖို့ ရုန်းကန်နေရတယ်။ ဆင်းရဲတဲ့သူတွေကလည်း အစား စားဖို့အတွက် ရုန်းကန်နေရတယ်။ ဘုရင်ကလည်း ပြသနာတွေကို ဖြေရှင်းဖို့ လုပ်ဆောင်ချက်တွေ လုပ်ပေမဲ့လည်း နိုင်ငံသားအများစုရဲ့ ဆင်းရဲဒုက္ခတွေကို သက်သာအောင် မလုပ်ဆောင်နိုင်ဘူး။
Albion ရဲ့ ဆန့်ကျင်ဘက်အနေနဲ့ the Old World မှာတော့ မှော်ပညာမရှိပါဘူး။ နတ်ဆိုးတွေ၊ နဂါးတွေ၊ ဒဏ္ဍာရီထဲက ဧရာမသားရဲတွေ လည်းမရှိပါဘူး။ လူအများစုက သူတို့ဘဝကို လူမသိသူမသိ ဖြတ်သန်းနေကြတယ်။ နေ့ရက်တွေကို အသက်ရှင်ဖို့အတွက်ပဲ အာရုံစိုက်နေရတာကြောင့် အနာဂတ်အတွက် မနည်းစဉ်းစားနေရတယ်။ ပင်ပန်းခြင်း နဲ့ အိပ်စက်ခြင်း အခိုက်တန့်လေးမှာပဲ ပိုကောင်းမွန်တဲ့အိမ်မက် မက်နိုင်တဲ့သူ အနည်းငယ်သာရှိတယ်။